1151 Views

ဓနုရာသီဖွားအကြာင်း (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – လွတ်လပ်မှုနှင့် စူးစမ်းရှာဖွေခြင်း

ဓနုရာသီဖွားအကြာင်း (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – လွတ်လပ်မှုနှင့် စူးစမ်းရှာဖွေခြင်း - Astroreka

ဆဂျီတာရပ်စ် (Sagittarius) သည် ဇာတာသင်္ကေတ၏ ကိုးမြောက်သင်္ကေတဖြစ်ပြီး, နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများကို ကိုယ်စားပြုသည်။ ဂျူပီတာ (Jupiter) ဂြိုဟ်မှ အုပ်စိုးထားသဖြင့်, ဤသင်္ကေတသည် တိုးတက်မှု၊ ကံကောင်းမှုနှင့် ဉာဏ်ပညာကို ကိုယ်စားပြုသည်။ ဆဂျီတာရပ်စ်များသည် တက်ကြွမှု၊ ပွင့်လင်းမှုနှင့် စူးစမ်းလေ့လာလိုစိတ်ကြီးကြောင်းဖြင့် လူသိများကြသည်။

၁. ဓနုရာသီဖွား ရာသီဖွဲ့သဘောတရား

ဓနုရာသီဖွားများသည် (Sagittarius) မီး (Fire) ဓာတ်သဘောရှိပြီး ဂျူပီတာ (Jupiter) မှ အုပ်စိုးသောကိုးခုမြောက် ရာသီခွင်ဖြစ်သည်။
အဓိကလက္ခဏာရပ်များ – အကောင်းမြင်စိတ်၊ ပွင့်လင်းမြင်သာမှု၊ စွန့်စားမှုနှင့် သင်ယူမှုတို့ကို စိတ်အားထက်သန်မှု။

၂. ဓနုရာသီဖွား ရာသီဖွားလက္ခဏာများ

သရုပ်ဖော်မှု: – မျှားပစ်သူတော်စင် (Centaur Archer) – ဉာဏ်ပညာနဲ့ ခွန်အားကို ကိုယ်စားပြုတယ်။
ပေါင်းစပ်ဖွဲစည်းမှု – မီး (Fire) – စွမ်းအင်, စိတ်အားထက်သန်မှု, စွန့်စားမှု။

✅ ကံကောင်းစေသော အရောင်များ
• အပြာရောင် – လွတ်လပ်မှု, ဖန်တီးမှု
• ခရမ်းရောင် – ဉာဏ်ပညာ, သဘာဝလွှမ်းမိုးမှု
• ဝါရောင် – အကောင်းမြင်မှု, လန်းဆန်းမှု

✅ ကံကောင်းစေသော နံပါတ်များ –
၃ – တီထွင်ဖန်တီးနိုင်စွမ်းနှင့် ကိုယ်ပိုင်ထုတ်ဖော်ပြောဆိုခြင်း။
၇ – ထိုးထွင်းသိမြင်မှုနှင့် နာမ်ပိုင်းဆိုင်ရာ နက်နဲမှု။
၉ – ကြီးထွားမှု၊ ချဲ့ထွင်မှု၊ အသိပညာ။
၁၂ – ပြီးပြည့်စုံခြင်း။

✅ ကံကောင်းစေသော ကျောက်မျက်များ
• စိမ်းပြာရောင်ကျောက် (Turquoise) – ကာကွယ်မှု, ကံကောင်းမှု
• ကြည်ပြာရောင်ကျောက် (Lapis Lazuli) – ဉာဏ်ပညာ, အမှန်တရားနှင့် စိတ်ကြည်လင်မှု။
• နီလာခရမ်း (Amethyst) – စိတ်တည်ငြိမ်မှု, တီထွင်ဖန်တီးမှုနှင့် ငြိမ်သက်စေမှု။

✅ ကံကောင်းစေသော ပန်းများ
• ဂန္ဓမာပန်း (Chrysanthemum) – အကောင်းမြင်မှု, နွေးထွေးမှု
• ခရမ်းဖျော့‌ရောင်ပန်း (Violet) – ဖန်တီးမှု, ဉာဏ်ပညာ
• နေကြာပန်း (Sunflower) – စွမ်းအင်၊ တက်ကြွမှုနှင့် ခွန်အား

၃. ဓနုရာသီဖွားများ၏ပင်ကိုယ်စရိုက်လက္ခဏာ:

✅ အားသာချက်များ
• ပွင့်လင်းပြီး လူမှုဆက်ဆံရေးကောင်းကြပါတယ်။
• ကိုယ့်ဘဝကို ကိုယ်ပိုင်ဆုံးဖြတ်လိုသော လွတ်လပ်မှုရှိသူ။
• ခရီးသွားခြင်း၊ စူးစမ်းမှု၊ အသစ်အသစ်သော အတွေ့အကြုံများကို နှစ်သက်သူ။

❌ အားနည်းချက်များ
• အရမ်းဖြောင့်မတ်လွန်းလို့ တစ်ခါတစ်လေ အခြားသူတွေကို ထိခိုက်စေနိုင်တယ်။
• စိတ်မြန်ခြင်း၊ စိတ်မရှည်ခြင်း၊ စည်းစနစ်မကျခြင်း၊
• စည်းကမ်းများကို မကြိုက်တဲ့အတွက် အဖွဲ့လိုက်ပေါင်းသင်းဆောင်ရွက်မှုမှာ အခက်ကြုံနိုင်တယ်။

၄. ဓနုရာသီဖွားနှင့် အလုပ်အကိုင်

✅ အားသာချက်များ
• ဖန်တီးမှုရှိပြီး မျှော်မှန်းချက်တွေကို လုပ်ဆောင်နိုင်သူ။
• ပြောင်းလဲမှုကို လွယ်ကူစွာ ကိုင်တွယ်လက်ခံနိုင်သူ။
• စိန်ခေါ်မှုအသစ်များကို ကိုင်တွယ်ရာတွင် မကြောက်မရွံ့ ရင်ဆိုင်နိုင်သူ။

❌ အားနည်းချက်များ
• လုပ်ရိုးလုပ်စဉ်တွေကို မကြိုက်ဘဲ အလွယ်တကူ ငြီးငွေ့တတ်သူ။
• စိတ်မရှည်ဘဲ တစ်ခါတစ်ရံ စိတ်မြန်လက်မြန် ပြုမူတတ်သူ။
• တင်းကျပ်သောစည်းမျဥ်းများနှင့်ဖွဲ့စည်းပုံများတွင် အခက်အခဲရှိသူ။

🔹 သင့်လျော်သော အလုပ်များ
• ခရီးသွားနယ်ပယ် – ဧည့်လမ်းညွှန်၊ ခရီးသွားဘလောဂါ
• မီဒီယာနှင့် ဆက်သွယ်ရေး – သတင်းထောက်၊ တည်းဖြတ်ရေးသားသူ၊ အယ်ဒီတာ
• ပညာရေးနှင့် သုတေသန – ပါမောက္ခ၊ သိပ္ပံပညာရှင်
• စီးပွားရေးနှင့် စျေးကွက်ရှာဖွေရေး – စီးပွားရေးရှင်၊ စွန့်ဦးတီထွင်သူ
• အားကစားနှင့် စွန့်စားမှု – လေယာဉ်မှူး၊ အားကစားနည်းပြ၊ စူးစမ်းရှာဖွေသူ

၅. ဓနုရာသီဖွားရဲ့ ချစ်ခြင်းမေတ္တာ

💙 ချစ်ခြင်းမေတ္တာ
• ချစ်ခြင်းမေတ္တာကို စွန့်စားမှုတစ်ခုလို မြင်ကြပါတယ်။
• လွတ်လပ်မှု လိုအပ်ပြီး ပိုင်ဆိုင်ခြင်းကို မကြိုက်ပါ။
💞 ရိုမန်းတစ်ပုံစံ
• တည်မြဲတဲ့ ဆက်ဆံရေးမှာ ပျင်းရိလွယ်သူ။
• စိတ်အားထက်သန်သူ၊ ရိုးသားပြီး ပျော်စရာကောင်းသူ။
• အမှီအခိုကင်းကင်းနှင့် စွန့်စားလုပ်ကိုင်လိုသော လက်တွဲဖော်ကိုလိုလားကြသည်။
⚠️ အချစ်‌ရေးတွင် စိန်ခေါ်မှုများ
• ပေါင်းသင်းဆက်ဆံရေးတွင် တည်ငြိမ်သောပုံစံကြောင့် အခက်အခဲတွေဖြစ်တက်သူ
• လက်တွဲဖော်ကို မရည်ရွယ်ဘဲ နာကျင်စေတတ်သူ
• ရေရှည်တည်မြဲတဲ့ ချစ်ခြင်းမေတ္တာအတွက် အပြန်အလှန် နားလည်မှုနဲ့ ကတိကဝတ်ပြုဖို့ လိုပါတယ်။

၆. ဓနုရာသီဖွားများနှင့် လိုက်ဖက်မှုရှိသော/လိုက်ဖက်မှုမရှိသောရာသီဖွားများ

✅လိုက်ဖက်မှုရှိသော ရာသီခွင်များ
• မိဿရာသီ (Aries) – နှစ်ဦးစလုံး တက်ကြွမှု၊ စွန့်စားမှုနှင့် ပျော်ရွှင်မှုတို့ကို နှစ်သက်ကြသည်။
• သိဟ်ရာသီ (Leo) – ကိုယ်ပိုင်လွတ်လပ်မှု၊ ရည်မှန်းချက်များအတွက် စိတ်အားထက်သန်မှုကို မျှဝေတတ်ကြသည်။
• ကုံရာသီ (Aquarius) – နှစ်ဦးစလုံး လွတ်လပ်မှုနှင့် တီထွင်ဖန်တီးမှုကို တန်ဖိုးထားသည်။

❌ စိန်ခေါ်မှုရှိသော ရာသီခွင်များ
• ကန်ရာသီ (Virgo) – ကန်ရာသီက စည်းကမ်းသေချာသူဖြစ်သော်လည်း, ဓနုရာသီဖွားက ပျော်ရွှင်မှုနှင့် လွတ်လပ်မှုကိုနှစ်သက်သူ။
• မိန်ရာသီ (Pisces) – ဓနုရာသီဖွားက လုပ်ဆောင်မှုအပေါ် ဦးတည်သော်လည်း, မိန်ရာသီဖွားက စိတ်ခံစားမှုအပေါ် ဦးတည်သူ။
• ပြိဿရာသီ (Taurus) – ပြိဿရာသီက တည်မြဲမှုကိုတန်ဖိုးထားသော်လည်း, ဓနုရာသီဖွားက စွန့်စားမှုကို နှစ်သက်သူ။

၇. ဓနုရာသီဖွားများ၏သုံးသပ်ချက်

💡 လွတ်လပ်မှု, အကောင်းမြင်မှုနှင့် စူးစမ်းမှုရှိသော ရာသီဖွားများ
💡 ဖန်တီးမှုနှင့် တိုးတက်မှုကို ချစ်မြတ်နိုးသူ
💡 ချစ်ခြင်းမေတ္တာမှာ လွတ်လပ်မှုကို တန်ဖိုးထားသူများဖြစ်ကြသည်

တက်ဂ်: ချစ်ခြင်းမေတ္တာ, ဇာတာဖြစ်နိုင်ခြေ, ဓနု, လက္ခဏာ, အလုပ်အကိုင်