တူရာသီဖွားများ (Libra) – ဟန်ချက်ညီမှု

လီဘရာ (Libra) သည် ဇာတာသင်္ကေတ၏ ခုနှစ်မြောက်သင်္ကေတဖြစ်ပြီး, စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများကို ကိုယ်စားပြုသည်။ ဗီးနပ်စ် (Venus) ဂြိုဟ်မှ အုပ်စိုးထားသဖြင့်, ဤသင်္ကေတသည် ချစ်ခြင်းမေတ္တာ၊ အနုပညာနှင့် အလှအပကို ကိုယ်စားပြုသည်။ လီဘရာမွေးဖွားသူများသည် ညှိနှိုင်းမှုကောင်းမှု၊ တည်ငြိမ်မှုကို ချစ်မြတ်နိုးမှုနှင့် သဘောတူညီမှုရှိသော လူမှုဆက်ဆံရေးကို တန်ဖိုးထားသူများဖြစ်သည်။ ၁. သရုပ်ဖော်မှု, ပေါင်းစပ်ဖွဲစည်းမှု နှင့် အခြားအရာများ • သရုပ်ဖော်မှု : ချိန်ခွင် (The Scales) – တရားမျှတမှု၊ ဟန်ချက်ညီမှု၊ ညီမျှမှုကို ကိုယ်စားပြုပါတယ်။ • ပေါင်းစပ်ဖွဲစည်းမှု: လေ (Air) – ဉာဏ်ရည်၊ တီထွင်ဖန်တီးမှု၊ ပြောဆိုဆက်ဆံမှုကို ရည်ညွန်းပါတယ်။ • ကံကောင်းစေသော အရောင်များ: o အပြာနုရောင် (Light Blue) o ပန်းရောင်‌ဖျော့ (Pastel Pink) o အစိမ်းရောင် (Green) o အဖြူရောင် (White) • ကံကောင်းစေသော နံပါတ်များ: ၂, ၆, ၉ • လိုက်ဖက်သော ကျောက်မျက်များ: o ကျောက်စိမ်း (Jade) – ငြိမ်းချမ်းမှုနှင့် ဗဟုသုတ o အ‌ရောင်ရှင်ကျောက် (Opal) – ဖန်တီးမှုနှင့် တီထွင်နိုင်မှု o စိန် (Diamond) – ခွန်အားနှင့် ရည်မွန်မှု o ပန်းရောင်ကျောက်...