107 Views

ကိန်းဂဏန်းဗေဒင်ပညာတွင် စိတ်နေသဘောထားအညွှန်းကိန်းများကို ရှာဖွေခြင်း။

ကိန်းဂဏန်းဗေဒင်ပညာတွင် စိတ်နေသဘောထားအညွှန်းကိန်းများကို ရှာဖွေခြင်း။ - Astroreka
Numerology – ဂဏန်းဗေဒင်ပညာရှိ သင်၏ စိတ်နေသဘောထားအညွှန်းကိန်းသည် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် ဆက်ဆံရေးများကို သင်အလိုလို တုံ့ပြန်ပုံကို ဖော်ပြသည်။ ထိုနံပါတ်များကို နားလည်ခြင်းသည် အခက်အခဲများကို မည်သို့ရင်ဆိုင်ရမည်ကို သိရှိနားလည်ခြင်းဖြင့် မိမိကိုယ်ကို ပြီးပြည့်စုံအောင် ကူညီပေးသည်။ ၎င်းသည် အားနည်းချက်များကို ကျော်လွှားနိုင်ရုံသာမက အားသာချက်များကို မြှင့်တင်ပေးကာ နေ့စဉ်ဘဝတွင် ဟန်ချက်ညီမှုနှင့် ယုံကြည်မှုတို့ကို ဖန်တီးပေးသည်။
စိတ်နေသဘောထားအညွှန်းကိန်းကို ဘယ်လိုတွက်မလဲ။  
1. သင့်မွေးနေ့နှင့် မွေးလ၏ ဂဏန်းများကို ပေါင်းပါ။
2. ရလဒ်ကို ဂဏန်းတစ်ခုတည်းဖြစ်‌အောင် ထပ်ပေါင်းပါ။
ဥပမာ-
– မွေးသက္ကရာဇ်: 15/02/2001 → (1+5) + (0+2) = 8
– စိတ်နေသဘောထားအညွှန်းကိန်း = ၈
စိတ်နေသဘောထားအညွှန်းကိန်း က ဘာကြောင့် အရေးကြီးတာလဲ။  
ထိုနံပါတ်များသည် သင်၏အပြုအမူ၊ ဆုံးဖြတ်ချက်ချခြင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံပြုချက်များလည်း လမ်းညွန်ပေးသည်။ သို့သော်၊ ၎င်းသည် ကိန်းဂဏန်းပညာ တစ်ခုလုံး၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ပိုမိုတိကျလေးနက်ချင်ရင်တော့ Mission Number နှင့် Soul Number ကဲ့သို့သော အခြားရှုထောင့်များမှလည်း မိမိကိုယ်ကိုပိုမိုသဘောပေါက် နားလည်လာစေရန်  စူးစမ်းလေ့လာနိုင်ပါသည်။
Numerology ဂဏန်းဗေဒင်ပညာအကြောင်း ပိုမိုသိရှိလိုပါက Astro Reka တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
 စိတ်နေသဘောထားအညွှန်းကိန်း 1  
ယုံကြည်မှုအပြည့်ရှိပြီး အမှီအခိုကင်းသည်။ ဘဝမှာ ပြဿနာတွေနဲ့ ကြုံလာရတဲ့အခါ သူတို့၏ လွတ်လပ်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသကြပြီး တခြားသူတွေကို အားကိုးရတာ မကြိုက်ဘဲ စိန်ခေါ်မှုတိုင်းကို ကျော်လွှားရန် စိတ်အားထက်သန်မှု ရှိကြသည်။ သူတို့၏ယုံကြည်မှုက အောင်မြင်မှုကို တွန်းအားပေးနေသော်လည်း၊ တစ်ခါတစ်ရံ မောက်မာမှုအဖြစ် လွဲမှားနိုင်ကြသည်။ သူတို့ရဲ့ စိတ်အားထက်သန်မှု၊ ယုံကြည်မှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေက ဘယ်လိုအခြေအနေမျိုးမှာမဆို သူတို့ကို အောင်မြင်အောင်လုပ်ပေးနိုင်ပါတယ်။ တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ပြင်းထန်ခြင်းက အခြားသူများအပေါ် စာနာမှု ကင်းမဲ့ခြင်း ဖြစ်သွားတတ်သည်။ ထိုကြောင့် သြဇာကြီးမားသည်ဟု ခံစားရသည့်တိုင်အောင် အမြဲတမ်း နှိမ့်ချစွာနေထိုင်သင့်သည်။ အထူးသဖြင့် ထိုအချက်က မိသားစုနှင့် အိမ်ထောင်ဖက်ဆက်ဆံရေးတွင် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
စိတ်နေသဘောထားအညွှန်းကိန်း 2  
အလွန်အကဲခတ်တတ်ကြပြီး အခြားသူများ လွဲချော်သွားနိုင်သည့် ခံစားချက်များကို သတိပြုမိကြသည်။  အမှန်တကယ် ဂရုစိုက်တတ်ပြီး အခြားသူများ၏ စကားကို နားထောင်ရန် ဘယ်သောအခါမှ မငြီးငွေ့တတ်သူတွေပါ။ ချစ်ခြင်းမေတ္တာနှင့် သဟဇာတဖြစ်မှုသည် သူတို့၏ဦးစားပေးဖြစ်သည်။ အခြားသူများကို ပျော်ရွှင်အောင်ထားရန် အလွန်အမင်းကြိုးစားကာ စိတ်အားထက်သန်ကြသည်။  ပေါင်းသင်းဆက်ဆံရေးတွင် ကိုယ်ပိုင်နေရာလွတ် ပေးတတ်‌အောင် သင်ယူခြင်းမှ ငြိမ်းချမ်းမှုကို ပိုမိုခံစားရစေပါသည်။  အခြားသူများ၏ အတွေးနှင့် ခံစားချက်များကို အလွယ်တကူ ခံစားသိရှိနားလည်နိုင်သောကြောင့် ယုံကြည်ရသော သူငယ်ချင်းများ ဖြစ်စေပါသည်။
စိတ်နေသဘောထား အညွှန်းကိန်း 3 
တက်ကြွတယ်၊ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး စွမ်းအင်ပြည့်ဝကြပါတယ်။ သူတို့၏ အကောင်းမြင်မှုနှင့် ရယ်မောခြင်းက သဘာဝအတိုင်း သြဇာညောင်းစေပြီး ပတ်ဝန်းကျင်ရှိသူများကို ပျော်ရွှင်စေသည်။ ထူးခြားသောနည်းလမ်းများဖြင့် အကြံဥာဏ်များမျှဝေခြင်းကို နှစ်သက်ကြသည်။ တင်းကျပ်သော စည်းကမ်းများကို မကြိုက်ကြဘဲ သူတို့၏ ကိုယ်ပိုင်စည်းကမ်းများဖြင့် လုပ်ဆောင်ခြင်းကို နှစ်သက်ကြသည်။  သူတို့၏ စိတ်အားထက်သန်မှုသည် တစ်ခါတစ်ရံ အလွယ်တကူ အာရုံပျံ့လွင့်ခြင်းဖြင့် အာရုံစူးစိုက်မှု ပျက်ပြားသွားနိုင်သည်။
စိတ်နေသဘောထား အညွှန်းကိန်း 4  
ယုံကြည်ထိုက်သူများ၊ ရိုးသားပြီး သစ္စာရှိကြသူများ ဖြစ်သည်။ အဖွဲ့အစည်းဆိုင်ရာနှင့် သင်ကြားမှုစွမ်းရည်ရှိပြီး စည်းကမ်းရှိသော ခေါင်းဆောင်များဖြစ်ပြီး တည်ငြိမ်သော အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးတတ်ကြသည်။  လုံခြုံမှုကို တန်ဖိုးထားကြပြီး အန္တရာယ်များသော အလုပ်များကို ရှောင်ကြသည်။ လျှို့ဝှက်ပြီး တာဝန်သိတတ်သူများဖြစ်ပြီး အခြေအနေများကို ဂရုတစိုက်ကိုင်တွယ်ပြီး ကတိကဝတ်များ ထားရှိကြသည်။ အလုပ်နှင့် ကိုယ်ရေးကိုယ်တာဆက်ဆံရေးနှစ်ခုလုံးတွင် အပ်နှံနိုင်ပြီး အားကိုးလို့ရသူများဖြစ်ကြသည်။
စိတ်နေသဘောထား အညွှန်းကိန်း 5
စိန်ခေါ်မှုများကိုရင်ဆိုင်ရာတွင် လွတ်လပ်စွာစွန့်စားတတ်ပြီး ကြောက်ရွံ့မှုကင်းသည်။ တိုးတက်မှုအတွက် အခွင့်အလမ်းသစ်များနှင့် အတွေ့အကြုံသစ်များကို ရှာဖွေတတ်ကြသည်။  ခရီးသွားခြင်းနှင့် စူးစမ်းရှာဖွေခြင်းတို့ကို ချစ်မြတ်နိုးခြင်းသည် သူတို့ကို ရည်မှန်းချက်ကြီးသော သဘာဝကို ဖြစ်ပေါ်စေပြီး ကြီးကျယ်သော အောင်မြင်မှုများကို အမြဲတမ်း ရည်မှန်းထားရန် ခေါ်ဆောင်သွားလေ့ရှိသည်။ တီထွင်ဖန်တီးနိုင်မှု၊ စွန့်စားမှုတို့ဖြင့် ပေါင်းသင်းဆက်ဆံရေးဘက်တွင်လည်း ခိုင်မာသောဆက်ဆံရေးများကို တည်ဆောက်နိုင်ကြသည်—ထိုအရာက ဘဝအောင်မြင်မှုအတွက် အဓိကသော့ချက်လည်း ဖြစ်သည်။
စိတ်နေသဘောထား အညွှန်းကိန်း 6
ဂရုစိုက်မှု၊ အကာအကွယ်ပေးမှု များဖြင့် အားကိုးထိုက်ပြီး မိခင် (သို့) ဖခင်ကဲ့သို့ပင် သဘာဝအတိုင်း ပြုစုစောင့်ရှောက်ပေးသူများဖြစ်ပြီး အခြားသူများ၏ကောင်းကျိုးကို အမြဲရှာဖွေပေးတတ်ပါသည်။ အရေးပေါ်အခြေအနေများကို ယုံကြည်မှုနှင့် ထိရောက်စွာ ကိုင်တွယ်ရာတွင် ထူးချွန်ကြသည်။  သူတို့၏ ချစ်ခြင်းမေတ္တာနဲ့ အကာအကွယ်ပေးမှုများက ပေါင်းသင်းဆက်ဆံရေးမှာ များစွာအထောက်အကူဖြစ်စေပါတယ်။
စိတ်နေသဘောထား အညွှန်းကိန်း 7
ထက်မြက်ပြီး ပိုင်းခြားစိတ်ဖြာပြီး အသိပညာကို အမြဲရှာဖွေတတ်သူဖြစ်သည်။ သူတို့၏ စိတ်အားထက်သန်သော စူးစမ်းလေ့လာနိုင်စွမ်းကြောင့် အမှန်တရားကို ဖော်ထုတ်ရာတွင် အသုံးဝင်စေသည်၊ သို့သော် သူတို့၏ တိတ်ဆိတ်နေတတ်သောသဘာသဘာဝကြောင့် တစ်ခါတစ်ရံ ဝေးကွာခြင်းကို ဖြစ်စေသည်။  သူတို့သည် အလွန်နားလည်နိုင်စွမ်းရှိသော်လည်း ကြီးပွားတိုးတက်ရန်အတွက် အမှားများကို လက်ခံကျော်လွှားရန် ကြောက်ရွံ့ကြသည်။ အတ္တကို စွန့်လွှတ်ခြင်းဖြင့် စိန်ခေါ်မှုများကို လက်ခံနိုင်မှသာ ပိုမိုကောင်းမွန်သောအလားအလာများ ရောက်ရှိလာပါလိမ့်မည်။
စိတ်နေသဘောထား အညွှန်းကိန်း 8  
ယုံကြည်ချက်ရှိပြီး တာဝန်ယူမှုရှိသော ခေါင်းဆောင်များဖြစ်သည်—ရည်မှန်းချက်ကြီးပြီး အောင်မြင်မှုရရှိဖို့ စိတ်ပိုင်းဖြတ်ထားကြသူများဖြစ်သည်။ သူတို့ဟာ စိန်ခေါ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်ရပြီး အောင်မြင်မှုရရှိသည်အထိ ဘယ်တော့မှ လက်မလျှော့တတ်ကြပါဘူး။  အချိန်နှင့်ငွေကို အဓိကသော့ချက်အဖြစ် တန်ဖိုးထားကြသည်။ တစ်ခါတစ်ရံတွင် ခေါင်းမာသော်လည်း၊ ခိုင်မာသောကျင့်ဝတ်ကြောင့် သူတို့၏ပန်းတိုင်များကို တိကျမှုနှင့် ဇွဲလုံ့လဖြင့် ပြီးမြောက်စေသည်။
စိတ်နေသဘောထား အညွှန်းကိန်း 9  
စာနာတတ်ပြီး၊ ကိုယ်ကျိုးမဖက်ဘဲ တာဝန်ယူမှုရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍများတွင် ရှင်သန်ကြပြီး အခြားသူများကို အမြဲကူညီလိုစိတ်ရှိကြသည်။  စာရေးခြင်း နှင့် ဂီတကဲ့သို့သော ဖန်တီးမှုနယ်ပယ်များတွင် ပါရမီရှင်များဖြစ်ကြသည်။ သူတို့သည် နက်ရှိုင်းသော စာနာစိတ်ဖြင့် အပြုသဘောဆောင်သော အပြောင်းအလဲများကို ဆောင်ကြဉ်းပေးပြီး စိတ်ဓာတ်တက်ကြွသော ခေါင်းဆောင်များဖြစ်ကြသည်။
စိတ်နေသဘောထား အညွှန်းကိန်း 10  
ခံနိုင်ရည်ရှိကြပြီး ဆန်းသစ်တီထွင်ဖန်တီးမှုဖြင့် လွတ်လပ်ကြသည်။ စိန်ခေါ်မှုများကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်စေပြီး၊ သူတို့၏စိတ်ပိုင်းဖြတ်မှုများက သူတို့ကို ပိုမိုရှေ့ရောက်စေသည်။  ယုံကြည်မှုအပြည့်နဲ့ လူမှုဆက်ဆံရေးတွင်လည်း ဘယ်နေရာကိုသွားသွား အာရုံစူးစိုက်မှုခံရသူများဖြစ်သည်။ လွတ်လပ်မှုကို တန်ဖိုးထားကြပြီး ရေရှည်ဆက်ဆံရေးများကိုတည်ဆောက်ကြပြီး အောင်မြင်မှုကို တိုးတက်မှုနှင့် ရှာဖွေစူးစမ်းနိုင်မှု၏ စဉ်ဆက်မပြတ် ခရီးတစ်ခုအဖြစ် မြင်ကြသူများဖြစ်သည်။
စိတ်နေသဘောထား အညွှန်းကိန်း  11  
စိတ်ခံစားမှုနက်ရှိုင်းပြီး အလိုလိုသိတတ်၊ စာနာတတ်ပြီး အခြားသူများနှင့် အလွယ်တကူ ဆက်သွယ်နိုင်သူများဖြစ်သည်။ ခက်ခဲသောအချိန်များတွင် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် လမ်းညွှန်မှုများကို ပေးဆောင်ကာ သူငယ်ချင်းများကြားတွင် အကြံပေးသူတွေလည်း ဖြစ်သည်။ သို့သော် သူတို့၏ ပြီးပြည့်စုံမှု နှင့် မြင့်မားသော မျှော်လင့်ချက်များကြောင့် —ကိုယ့်အတွက်ရော အခြားသူများအတွက်ပါ —တစ်ခါတစ်ရံ စိတ်ဖိစီးမှုနှင့် စိတ်ပျက်မှုကိုကို ဖြစ်စေနိုင်ပါသည်။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဟန်ချက်ညီစေဖို့ မသင်ယူနိုင်ပါက ကိုယ့်ကိုယ်ကိုယ် သံသယစိတ်အပြောင်းအလဲတွေနဲ့ သောကများနေရနိုင်ပါတယ်။
စိတ်နေသဘောထား အညွှန်းကိန်း 22
ဉာဏ်ရည်ဉာဏ်သွေး၊ ပိုင်းခြားစိတ်ဖြာတွေးခေါ်မှုနှင့် အမြော်အမြင်ရှိသော ခေါင်းဆောင်နိုင်သူများ ဖြစ်ကြသည်။ ဤပုဂ္ဂိုလ်များသည် အယူအဆများ၊ ကိန်းဂဏန်းများနှင့် စိတ်ကူးစိတ်သန်းများကို နက်နဲစွာ နားလည်သဘောပေါက်ထားသော်လည်း သူတို့၏ ကြီးမားသော စိတ်ကူးများကို လက်တွေ့အဖြစ်သို့ ပြောင်းလဲရန် ရုန်းကန်ရပေမည်။  မည်သို့ပင်ဆိုစေကာမူ မျှတမှုကို ရှာတွေ့ပါက သူတို့၏အိပ်မက်များကို အသက်ဝင်စေမည့် “ ကျွမ်းကျင်ပိုင်နိုင်သောတည်ဆောက်နိုင်သူများ” ဟုခေါ်သော သြဇာကြီးမားသော ခေါင်းဆောင်များ ဖြစ်လာနိုင်သည်။ အခြားတစ်ဖက်တွင်လည်း အာရုံစူးစိုက်မှု သို့မဟုတ် စည်းကမ်းမရှိပါက လက်တွေ့မကျသောမျှော်လင့်ချက်များ၌ ပျောက်ဆုံးသွားကာ စိတ်ပျက်စရာများကို ကြုံတွေ့ရနိုင်သည်။
စိတ်နေသဘောထား အညွှန်းကိန်း 33 
ပြုစုစောင့်ရှောက်သူများ၊ တီထွင်ကြံဆသူများနှင့် ကုသ/ကုစားပေးနိုင်သော သဘာဝရှိသူများဖြစ်ကြသည်။ သူတို့သည် ချစ်ခြင်းမေတ္တာနှင့် ကရုဏာကို ဖြန့်ကျက်ကြပြီး ပတ်ဝန်းကျင်ရှိသူများကို မြှင့်တင်ပေးကြသည်။ သူတို့၏ စွမ်းအင်သည် အစွမ်းထက်သည်၊ အနုပညာစွမ်းရည်များ၊ လှုံ့ဆော်မှုဆိုင်ရာ ခေါင်းဆောင်မှုနှင့် ကိုယ်ကျိုးမဖက်သော လုပ်ငန်းများနှင့် လိုက်ဖက်လေ့ရှိကြသည်။  သို့သော်၊ သူတို့ကိုယ်သူတို့ ဂရုမစိုက်ဘဲ အလွန်အကျွံလုပ်ဆောင် သောကြောင့် အခြားသူများနှင့် သူတို့၏ နက်ရှိုင်းသော စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုတွင် တစ်ခါတစ်ရံ ပင်ပန်းနွမ်းနယ်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။
စိတ်နေသဘောထား အညွှန်းကိန်းများကို ဖတ်ရှုပြီး  Astroreka တွင် အတွေ့အကြုံများကို မျှဝေလိုက်ပါ။
တက်ဂ်: ညွှန်ပြချက်များ, သဘောထားနံပါတ်