Tarot မှာ ကတ်တစ်ခုချင်းစီက သင်္ကေတတစ်ခုသက်သက်မဟုတ်ဘဲ အချိန်အခါတစ်ခုမှာ လူတစ်ယောက်ရဲ့ အတွင်းစိတ်အခြေအနေကို ထင်ဟပ်ပြတဲ့ မှန်တစ်ချပ်နဲ့တူပါတယ်။ ဘဝမှာ စိတ်ရှုပ်ထွေးတာ၊ မသေမချာဖြစ်တာ ဒါမှမဟုတ် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မဖြစ်မနေချရတော့မယ့် အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးတွေမှာ Ta
rot က ထူးခြားတဲ့ကတ်တွေကနေတစ်ဆင့် ကျွန်တော်တို့ကို “စကားပြော” လာတတ်ပါတယ်။ ဒီကတ်တွေက ကိုယ်တွေအတွက် ဆုံးဖြတ်ပေးတာမျိုးမဟုတ်ဘဲ ရင်ဆိုင်နေရတဲ့ လမ်းဆုံလမ်းခွကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာအောင် ကူညီပေးတာပါ။
အောက်မှာဖော်ပြထားတာကတော့ လူတွေဟာ ဘဝရဲ့အလှည့်အပြောင်းကြီးတွေမှာ ရောက်နေတဲ့အခါ မကြာခဏ ပေါ်လာတတ်တဲ့ Tarot ကတ်တွေပဲ ဖြစ်ပါတယ်။
🎉 လက်လွှတ်မခံပါနဲ့။ Astroreka ရဲ့ နှစ်သစ်ကူး Event မှာ ပါဝင်ပြီး စူးစမ်းလေ့လာရင်း ကျပ် ၅ သိန်းအထိတန်ဖိုးရှိတဲ့ ဆုတွေကို ကံစမ်းနိုင်ခွင့် ရယူလိုက်ပါ။
The Lovers – ဆုံးဖြတ်ချက်တစ်ခုက ကိုယ့်ရဲ့အဓိကတန်ဖိုးထားမှုတွေနဲ့ ဆက်စပ်နေတဲ့အခါ

The Lovers ကတ်က အချစ်ရေးတစ်ခုတည်းကိုပဲ ရည်ညွှန်းတာမဟုတ်ပါဘူး။ ဒီကတ်က သင့်ရဲ့ နှလုံးသား၊ ယုံကြည်ချက်နဲ့ ဘဝတန်ဖိုးထားမှုတွေကို ချိန်ခွင်ပေါ်တင်ပြီး ဆုံးဖြတ်ရမယ့် အလွန်ပုဂ္ဂိုလ်ရေးဆန်တဲ့ ဆုံးဖြတ်ချက်မျိုးကို ချရတော့မယ့်အခါ ပေါ်လာတတ်ပါတယ်။
The Lovers ကတ်က ဖော်ပြတဲ့ လမ်းဆုံလမ်းခွမှာ အောက်ပါအချက်တွေ ပါဝင်လေ့ရှိပါတယ်။
– ခံစားချက်နဲ့ အကျိုးအကြောင်းဆင်ခြင်တုံတရားကြား ရွေးချယ်ရခြင်း
– မလွယ်ကူဘူးဆိုရင်တောင် ကိုယ့်အတွက် အမှန်တကယ်မှန်ကန်တဲ့လမ်းကို ရွေးချယ်ရခြင်း
– ယာယီလုံခြုံမှုထက် ကတိကဝတ်တစ်ခုကို ရွေးချယ်ရခြင်း
ဒီကတ်က သတိပေးနေတာကတော့ ဒီလိုရွေးချယ်မှုမျိုးဟာ ရရှိမယ့် ရလဒ်တစ်ခုတည်းကိုသာမက ကိုယ်က ဘယ်လိုလူဖြစ်လာမလဲဆိုတာကိုပါ ပုံဖော်ပေးသွားမှာ ဖြစ်တယ်ဆိုတာပါပဲ။
The Fool – ခရီးလမ်းအသစ်တစ်ခုဆီ ခြေလှမ်းဝင်ခြင်း

The Fool ကတ် ပေါ်လာတဲ့အခါ၊ ဒါဟာ ရှင်းလင်းတဲ့မြေပုံမရှိဘဲ အစပြုရခြင်းကို အချက်ပြနေပါတယ်။ ကိုယ် ဘယ်ကိုသွားရမလဲဆိုတာ မသိသေးပေမယ့် အတွင်းစိတ်ရဲ့ တိုက်တွန်းမှုတစ်ခုက သင့်ကို ရှေ့ဆက်ဖို့ တွန်းအားပေးနေပါတယ်။
The Fool ရဲ့ လမ်းဆုံလမ်းခွမှာ အောက်ပါအချက်တွေ ပါလာတတ်ပါတယ်။
– သိလျက်နဲ့ စွန့်စားရဲခြင်း
– ပြင်ပအာမခံချက်တွေထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်း
– အဟောင်းကို စွန့်လွှတ်ဖို့လိုအပ်တဲ့ အခွင့်အရေးသစ်တစ်ခု
The Fool က လုံခြုံမှုကို အာမမခံပေမယ့် အတွေ့အကြုံနဲ့ ကြီးထွားမှုကိုတော့ ကတိပေးပါတယ်။
Death – ပြန်လည်မွေးဖွားခြင်းဆီ ဦးတည်စေတဲ့ အဆုံးသတ်တစ်ခု

Death ကတ်က လူတွေကို စိတ်မသက်မသာဖြစ်စေတဲ့ ကတ်တွေထဲက တစ်ခုဖြစ်ပေမယ့် အနုတ်လက္ခဏာဆောင်တဲ့ အဓိပ္ပာယ်မျိုး သိပ်မရှိပါဘူး။ အရေးကြီးတဲ့ လမ်းဆုံလမ်းခွတစ်ခုမှာ ရောက်နေချိန် Death ကတ်က အခန်းကဏ္ဍဟောင်းတစ်ခုက အဆုံးသတ်သွားပြီဆိုတာကို အချက်ပြဖို့ ပေါ်လာတာဖြစ်ပါတယ်။
ဒီလမ်းဆုံလမ်းခွမှာ အောက်ပါအချက်တွေ ပါဝင်နိုင်ပါတယ်။
– ဆက်ဆံရေးတစ်ခု၊ အလုပ်တစ်ခု ဒါမှမဟုတ် နေထိုင်မှုပုံစံတစ်ခုကို အဆုံးသတ်ခြင်း
– ဘဝအဆင့်သစ်တစ်ခုဆီဝင်ရောက်ဖို့ ကိုယ့်ရဲ့ပုံရိပ်ဟောင်းကို စွန့်လွှတ်ခြင်း
– နောက်ပြန်မလှည့်နိုင်တဲ့ အပြောင်းအလဲကို လက်ခံခြင်း
Death ကတ်က ယူသွားတာမဟုတ်ပါဘူး။ အသစ်တစ်ခု ပေါ်ပေါက်လာဖို့အတွက် လမ်းရှင်းပေးတာဖြစ်ပါတယ်။
Two of Swords – အမှန်တရားကို ရင်မဆိုင်ချင်သေးတဲ့အခါ

ဒီကတ်က မဝံ့မရဲဖြစ်ခြင်း၊ ရှောင်လွှဲခြင်း ဒါမှမဟုတ် အရှိတရားကို ယာယီ “မျက်စိမှိတ်” ထားခြင်းကို ထင်ဟပ်စေပါတယ်။ Two of Swords ကတ်ဟာ ကိုယ်က ရွေးချယ်စရာနှစ်ခုကြားမှာ ပိတ်မိနေပေမယ့် ကိုယ့်ရဲ့ တကယ့်ခံစားချက်အမှန်ကို ရင်ဆိုင်ဖို့ ဆန္ဒမရှိသေးတာ ဒါမှမဟုတ် သတ္တိမရှိသေးတာမျိုး ဖြစ်နေတဲ့အခါ ပေါ်လာတတ်ပါတယ်။
ဒီနေရာက လမ်းဆုံလမ်းခွက လုပ်ဆောင်ချက်မှာ မဟုတ်ဘဲ အောက်ပါအချက်တွေမှာ တည်ရှိနေပါတယ်။
– အမှန်တရားကို ရင်ဆိုင်ရဲမလားဆိုတဲ့အချက်
– ကာကွယ်ပြောဆိုတတ်တဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေထက် ကိုယ့်ရဲ့အတွင်းစိတ်ခံစားချက်ကို နားထောင်ခြင်း
– မရွေးချယ်ခြင်းကလည်း ရွေးချယ်မှုတစ်ခုပဲဆိုတာကို လက်ခံခြင်း
The Wheel of Fortune – ဘဝက သူ့အလိုလို အလှည့်အပြောင်းဖြစ်လာတဲ့အခါ

တစ်ခါတစ်ရံမှာ လမ်းဆုံလမ်းခွဆိုတာ ကိုယ်တိုင်ရွေးချယ်မှုကနေ ဖြစ်လာတာမဟုတ်ဘဲ ပြင်ပအပြောင်းအလဲတွေကြောင့် ရောက်လာတတ်ပါတယ်။ The Wheel of Fortune ကတ်က ကံကြမ္မာစက်ဝိုင်းကြီးက လည်ပတ်နေပြီး ကိုကိုယ် လားရာလမ်းကြောင်းအသစ်တစ်ခုဆီ ဆွဲခေါ်သွားတဲ့အခါ ပေါ်လာတတ်ပါတယ်။
ဒီကတ်က သတိပေးနေတာကတော့
– အရာအားလုံးက ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာ မရှိဘူးဆိုတာ
– အပြောင်းအလဲဆိုတာ ဘဝခရီးရဲ့ သဘာဝတရားတစ်ခုဖြစ်တယ်ဆိုတာ
– ဘာဖြစ်လာသလဲဆိုတာထက် ဘယ်လိုတုံ့ပြန်မလဲဆိုတာက ပိုအရေးကြီးတယ်ဆိုတာ
Judgement – နိုးကြားသိမြင်မှုအတွက် ခေါ်သံ

Judgement ကတ်က အတွင်းစိတ်နိုးကြားမှုနဲ့ သက်ဆိုင်တဲ့ လမ်းဆုံလမ်းခွတွေမှာ ပေါ်လာတတ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ခရီးတစ်လျှောက်လုံးကို ပြန်သုံးသပ်ပြီး သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို အသိအမှတ်ပြုကာ ပိုမိုရိုးသားမှန်ကန်စွာ ရှင်သန်ဖို့ တိုက်တွန်းခံရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။
Judgement ရဲ့ လမ်းဆုံလမ်းခွက အောက်ပါအချက်တွေနဲ့ သက်ဆိုင်ပါတယ်။
– ကိုယ့်ကိုယ်ကိုယ်နဲ့ အတိတ်ကို ခွင့်လွှတ်ခြင်း
– ရင့်ကျက်မှုနဲ့ သိမြင်နားလည်မှုအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချခြင်း
– ဘဝရဲ့ ပိုမိုသိရှိနားလည်တဲ့ အဆင့်တစ်ခုဆီ ခြေလှမ်းဝင်ခြင်း
Tarot က ကိုယ့်အတွက် ရွေးချယ်ပေးတာမဟုတ်ဘဲ ကိုယ်ကဘယ်နေရာမှာ ရောက်နေလဲဆိုတာကို နားလည်အောင် ကူညီပေးတာပါ
လမ်းဆုံလမ်းခွမှာ ရောက်နေချိန် ပေါ်လာတဲ့ Tarot ကတ်တွေက “အမှန်” နဲ့ “အမှား” ဆိုတဲ့ အဖြေတွေပေးဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ အဲ့ဒီအစား၊ ကိုယ်လက်ရှိကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်အခြေအနေ၊ အတွင်းစိတ်အခြေအနေနဲ့ သင်ခန်းစာတွေကို ဖော်ပြပေးတာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ရွေးချယ်မှုက ကိုယ့်လက်ထဲမှာပဲ ရှိနေမှာပါ။ Tarot က လမ်းကို ညင်ညင်သာသာလေး မီးမောင်းထိုးပြပေးရုံသက်သက်ပါပဲ။ ဒါမှ ရှေ့ဆက်တဲ့အခါ ဒီလမ်းကို ဘာကြောင့်ရွေးချယ်ခဲ့သလဲဆိုတာ ပိုရှင်းရှင်းလင်းလင်းနားလည်ပြီး ကိုယ့်ခရီးအတွက် ကိုယ်တိုင်တာဝန်ယူဖို့ အသင့်ဖြစ်နေမှာပါ။

